Local News

နှမ်းသီးနှံများရိတ်သိမ်းရာတွင် အရည်အသွေးကောင်းရရှိရေး တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ နှိုးဆော်ပေးလျှက်ရှိ

Last Updated:

နှမ်းသီးနှံများရိတ်သိမ်းရာတွင် အရည်အသွေးကောင်းရရှိရေး တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ နှိုးဆော်ပေးလျှက်ရှိ

          မကွေးတိုင်းဒေသကြီးအတွင်း နွေနှမ်း(ရေသွင်းနှမ်း)များ ပေါ်ထွက်လာပြီဖြစ်ရာ နှမ်းအသစ်ပေါ်လာသလိုလက် ကျန်နှမ်းဟောင်းများလည်းစျေးကောင်းရလာကာတောင်သူများအဆင်ပြေတွက်ခြေကိုက်နေတဲ့အချိန်လည်းဖြစ်ပါ တယ်။တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)နှင့်MMTWMagwayCompanyတို့ပူးပေါင်းညှိနှိုင်းပြီး(၂၇.၆.၂၀၂၂)ရက်နေ့ တွင်တောင်သူများအရည်အသွေးကောင်းသီးနှံနှင့်စျေးကောင်းရရှိစေရန်တောင်သူအစုအဖွဲ့များစုပေါင်းကျင်းပတဲ့နှမ်း သီးနှံစုပေါင်းရောင်းချပွဲအားဧရာဝတီမြစ်အနောက်ဖက်မင်းဘူးခရိုင်အတွင်းရှိမင်းဘူး(စကု)၊စလင်း၊ပွင့်ဖြူမြို့နယ်တို့ တွင်တင်ဒါခေါ်ယူပြီးအဖွင့်စျေးသတ်မှတ်ကာရောင်းချပေးလျှက်ရှိပါသည်။

          ထိုသို့ရောင်းချရာတွင်တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှတောင်သူများအနေဖြင့်အရည်အသွေးကောင်းသီးနှံအဆင့် (A)ရရှိနိုင်ရေးအတွက်လိုက်နာရမည့်အချက်များအားလက်တွေ့စမ်းသပ်ပြသသည့်အပြင်တောင်သူများ(ရိတ်၊ စည်း၊ ထောင်)စနစ်ကိုအတတ်နိုင်ဆုံးကျင့်သုံးကြရန်၊အခက်အခဲကြောင့်နှမ်းပုံဖြစ်ခဲ့ပါက(၂)ညအိပ်ထက်မကျော်စေရန်၊နှမ်းခါ သန့်စင်ပြီးလေသလပ်အအေးခံပြီးမှအိတ်ထဲသို့ထည့်ရန်၊နှမ်းခါပြီးပူနွေးသောနှမ်းများကိုချက်ချင်းအိတ်ထဲသို့အကြာကြီး ထည့်မထားရန်စသည်ဖြင့်နှမ်းသီးနှံတွင်FFA(FreeFattyAcid)ပါဝင်မှုလျော့နည်းစေရန်အတွက်တောင်သူများသို့လက် တွေ့အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Category: Local News